Friday, May 16, 2008

အသီးအနှံမှ ရရှိနိုင်သော အာဟာရဓာတ်

ကျွဲကောသီး
ကျွဲကောသီးပာာ ကယ်လိုရီဓာတ်နည်း၊အဆီဓာတ်နည်း၊ဗီတာမင်စီဓာတ်များတဲ့အတွက် ကိုယ်အလေးချိန်လျော့ချလိုသူတွေ၊ အသားအရေလှပချောမွေ့စိုပြည်လိုသူတွေ၊ ခွဲစိတ်ပြီးမြန်မြန်အနာကျက်လိုသူတွေအတွက်စားပေးရန်သင့်တော်ပါတယ်။ အရမ်းချိုလွန်းတဲ့ ကျွဲကောသီးမှအပ အတန်အသင့်ချိုတဲ့ ကျွဲကောသီးကို ဆီးချို၊ သွေးချိုသမားတွေလဲ စားနိုင်ပါတယ်။

စပျစ်သီး
စပျစ်သီးမှာ ဗီတာမင်စီ၊ ထုံးဓာတ်နဲ့ မီးစုန်းဓာတ်ြွကယ်ဝပါတယ်။ နံနက်စာအဖြစ်စားပါက နွမ်းနယ်ထိုင်းးမှိုင်းမှုများမှ ကင်းဝေးစေပါတယ်။ စပျစ်သီးကို မှန်မှန်စားသုံးပေးပါက အသည်းရောဂါမှ ကင်းဝေးစေနိုင်ပါတယ်။

ဖရဲသီး
ဖရဲသီးဟာ အသားရော၊အစေ့ပါအာဟာရဓာတ်ရှိတဲ့အတွက် ဖရဲသီးအသားရော၊ အစေ့ကိုပါ သစ်သီးဖျော်ရည်စက်ထဲ ထည့်ပြီးကြေညက်အောင်မွှေပြီး သောက်သင့်ပါတယ်။ ဖရဲသီးအသားမှာ ဗီတာမင်အေ၊ ဘီနဲ့ စီဓာတ်တွေပါဝင်ပြီး၊ ဇရဲသီးအစေ့မှာ စီလီနီယံဓာတ်၊ ကောင်းမွန်တဲ့အဆီဓာတ်၊ဇင့်ဓာတ်နဲ့ ဗီတာမင် အီးဓာတ်တို့ပါဝင်တဲ့အတွက် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးပါတယ်။

မာလကာသီး
မာလကာသီးတွင် ကာဗိုဟိုက်ဒြိတ်၊ ဗီတာမင်အေ၊ စီ၊ သံဓာတ်နှင့်ကယ်လဆီယံဓာတ်ြွကယ်ဝပါတယ်။ မာလကာသီးမှည့်နှင့် သကြားရောစားပေးပါက ချောင်းဆိုးရောဂါကို အလျင်အမြန်ပျောက်ကင်းစေပါတယ်။ မာလကာသီးမှည့်မှည့်ကို စားပေးခြင်းဖြင့် ဝမ်းပျက်ရောဂါ၊ တွေဝေမေ့မျောတတ်သောရောဂါ၊ မူးတတ်သောရောဂါ၊ သွားကျဉ်၊ နှုတ်ခမ်းကွဲရောဂါများကို ပျောက်ကင်းစေပါတယ်။

အသက်ရှည်ဆေးတစ်ခွက်

အားပါးတရ အူလှိုက်သည်းလှိုက် ရယ်မောခြင်းဟာ ရောဂါတွေကို ကာကွယ်စေတဲ့စွမ်းအားကို မြှင့်တင်ပေးပါတယ်။ မရီမပြုံးနေတတ်ခြင်းဟာ သွေးအားကောင်းမွန်စေတဲ့ ကောတီဇုန်းဓာတ် ထုတ်လုပ်မှုကို နှောင့်နှေးစေတဲ့အတွက် ရယ်မောခြင်းဟာ အသက်ကို ရှည်စေနိုင်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။ ဒါကြောင့် အခုကစပြီး ရယ်မောခြင်းတွေကို ရှာဖွေကြရအောင်..

အချစ်အကြောင်း တစေ့တစောင်း

အချစ်အကြောင်းကို မသိကြသေးတဲ့သူတွေဟာ အချစ်အကြောင်းကို သိချင်ကြတယ်။အချစ်ကို ရှာဖွေချင်ကြတယ်။ မျှော်လင့်တာပေါ့။

အချစ်အကြောင်းကို သိလာပြန်တော့လဲ အဲဒီအချစ်ကို စူးစမ်းလေ့လာချင်ကြတယ်။ လိုချင်လာကြတယ်။ ရယူချင်လာကြပြန်တယ်။

အချစ်ကို ရလာပြန်တော့လည်း အဲဒီအချစ်အတွက် စိုးရိမ်မှုတွေ၊ စွန့်လွှတ်ရမှာကြောက်လန့်မှုတွေ ဖြစ်လာကြပြန်တယ်။ ရပြီးတဲ့အချစ်က အဆင်မပြေတဲ့အခါကျတော့လဲ စွန့်လွှတ်ချင်ကြပြန်ရော။

အဲဒီအချစ်ကို စွန့်လွှတ်ရတဲ့အခါမှာလည်း စိတ်ဆင်းရဲခံစားမှုတွေ ပေါ်လာရပြန်တယ်။

ဒီလောက် ခံစားမှုမျိုးစုံပေးတဲ့ အချစ်ဆိုတဲ့အရာကို ဘာလို့များ မျှော်လင့်နေကြရတာလဲ။.......

အချစ်ကို မျှော်လင့်နေရတာဟာ ပင်ပန်းလွန်းပါတယ်။ အကယ်၍ မျှော်လင့်ချင်တယ်ဆိုရင်တောင်မှ အချိန်အတိုင်းတာတစ်ခုထိဘဲ မျှော်လင့်သင့်တယ်လို့ ထင်ပါတယ်။ ဒါကြောင့် စိတ်ခံစားမှု ဖြစ်ရလောက်အောင် မျှော်လင့်မနေဘဲ သူ့အလိုလိုရောက်လာတဲ့ အချစ်ကိုဘဲ လက်ခံနိုင်ရင် လက်ခံ၊ လက်မခံနိုင်ရင်လဲ အယဉ်ကျေးဆုံး ငြင်းပယ်လိုက်တာ အကောင်းဆုံးလို့ ယူဆကြည့်ကြရအောင်လား။…….

စိတ်ချမ်းသာအောင် လုပ်နည်းအကျဉ်းချုပ်

(၁) စိတ်ချမ်းသာချင်ရင် အလိုဆန္ဒတွေကို ထိန်းသိမ်းပါ။

ကိုယ့်အလိုဆန္ဒထဲမှာ ကိုယ့်စိတ်ချမ်းသာဖို့၊ သူများစိတ်ချမ်းသာဖို့ဆိုတာ ပါသင့်တယ်။ အဲဒါကို ဦးစားပေး သင့်တယ်။ လူတိုင်းတကယ်လိုချင်တာ စိတ်ချမ်းသာမှုပါ။

(၂) စိတ်ချမ်းသာအောင်လုပ်တဲ့နည်းထဲမှာ ကိုယ့်စိတ်ကိုကိုယ်သိပြီးတော့၊ ကြည့်ပြီးတော့ စိတ်ချမ်းသာ နေတာကို ပြန်အာရုံပြုတဲ့နည်းဟာ အရိုးဆုံးနဲ့ အကောင်းဆုံးနည်းပါ။ စိတ်ချမ်းသာမှုအကြောင်းကို ပြောပါ။

(၃) အတွေးတွေကို သတိထားပါ။ ဘာမှမတွေးဘဲ ကြာကြာနေနိုင်ရင်ကောင်းပါတယ်။ တွေးတဲ့အခါမှာလဲ ကိုယ်တတ်နိုင်တာ ကိုယ်လုပ်နိုင်တာကို တွေးပါ။ မတတ်နိုင်တာကိုတွေးရင် စိတ်ဆင်းရဲရမယ်။ တတ်နိုင်တာကို တွေးရင် စိတ်ချမ်းသာရပါလိမ့်မယ်။

(၄) စိတ်ချမ်းသာမှုဟာ ကိုယ့်ဘဝမှာအရေးကြီးဆုံးဆိုတာကို မမေ့ပါနဲ့။ ကြည်လင်အေးချမ်းတဲ့မျက်နှာနဲ့ နေတဲ့အကျင့်ကို လုပ်ပါ။

(၅) စိတ်မကောင်းဖြစ်တဲ့အချိန်မှာ ကိုယ်ခံစားရတာကို ပြောချင်ရင် ပြောပါ။ ဒါပေမယ့် တကယ်ဖြစ်နေတာကို ပိုဆိုးတယ်ထင်ရအောင် မပြောပါနဲ့။ အပိုအလို မရှိပြောပါ။

(၆) ကိုယ့်ဘဝအခြေအနေကို ဘယ်သူနဲ့မှ မနှိုင်းတာကောင်းပါတယ်။ အကယ်၍နှိုင်းမယ်ဆိုရင် ကိုယ့်လောက်အဆင်မပြေတဲ့သူနဲ့နှိုင်းပါမှ စိတ်ချမ်းသာနိုင်မှာပါ။

(၇) ကိုယ့်အားကိုယ်ကိုးပါ။ သူများကို အားမကိုးဘဲ ကိုယ်တိုင်လုပ်တတ်အောင် လေ့လာပါ။ မကောင်းတဲ့ အသက်မွေးဝမ်းကျောင်းမဖြစ်အောင် အသက်မွေးဝမ်းကျောင်းမှုကို သေချာစဉ်းစားရွေးချယ်ပါ။ မိမိလုပ်တဲ့ အလုပ်မှာ စိတ်ချမ်းသာဖို့ သိပ်အရေးကြီးပါတယ်။ ကိုယ်ဝါသနာပါတာ ကိုယ့်အရည်အချင်းနဲ့ ကိုက်ညီတာ၊ ပညာလဲရတာကို လုပ်ဖို့ကြိုးစားပါ။ အမြဲလုပ်ပါ။

(၈) စိတ်ဆင်းရဲပြီးမှရတဲ့ငွေကို မလိုချင်ပါနဲ့။ စိတ်ချမ်းချမ်းသာသာနဲ့ရှာလို့ရတဲ့ငွေကို စိတ်ချမ်းချမ်း သာသာနဲ့ သုံးပါ။ ငွေပိုရပြီး စိတ်ဆင်းရဲရရင် အဓိပ္ပာယ်မရှိပါဘူး။ စိတ်ချမ်းသာမှုဟာ ရွှေငွေရတနာတွေ၊ ရာထူးတွေ၊ ကျော်ကြားမှုတွေထက်ပိုကောင်းပါတယ်။ တစ်ခြားဘာတွေရှိရှိ စိတ်ချမ်းသာမှုမရှိရင် ရှိတာတွေဟာ အဓိပ္ပာယ်မရှိတော့ပါဘူး။

(၉) အကောင်းမြင်တဲ့စိတ်ကိုမွေးပါ။ ကိုယ့်အကြောင်းကိုယ် ကောင်းတာရှာတွေးပါ။ ကိုယ့်ကိုယ်ကို ချစ်ပါ။ စိတ်ချမ်းသာမှုဟာ အကြီးမားဆုံး အောင်မြင်မှုပါပဲ။

ကမ္ဘာကျော်များရဲ့ မှတ်သားစရာ အဆိုများ



If you born poor, it's not your mistake, But if you die poor it's your mistake.
Bill Gates

In a day, when you don't come across any problems
-you can be sure that you are traveling in a wrong path
Swami Vivekananda

Three sentence for getting SUCCESS:
a) know more than other
b) work more than other
c) expect less than other
William Shakesphere

If you win you need not explain.. But if you lose you should not be there to explain
Adolph Hitler

Don't compare yourself with anyone in this world. If you do so, you are insulting yourself
Alen Strike

If we can't love the person whom we see, how can we love god, whom we can't see?
Mother Teresa

I will not say I failed 1000 times, I will say that I discovered there are 1000 ways that can cause failure--
Thomas Edison

Everyone thinks of changing the world, but no one thinks of changing himself..
Leo Tolstoy

Believing everybody is dangerous; believing nobody is very dangerous..
Abraham Lincoln

If someone feels that they had never made a mistake in their life, then it means they had never tried a new thing their life..
Einstein

Winning doesn't always mean being first, winning means you're doing better than you've done before-
Bonnie Blair


TODAY

Yesterday is just a memory.
Tomorrow we may never see.
There's beauty all around us,
life can be so pleasant.
Today is like a gift
That's why it's called the present.

အကြံပေးခဲ့နိုင်ပါတယ်။


Sakura

Sakura

ယနေ့ မြန်မာစံတော်ချိန်



Free Blog Calendar

clock-desktop.com
လာလည်သူများ
Load Counter

About Me

Hi All, Welcome from Sakura's Blog. I've the reason why I load about John F. Kneedy's Life (35th President of the United States) in brief. Because, He is the leader who's birthday is same with my birthday. John Fitzgerald "Jack" Kennedy (May 29 1917- November 22 1963)was 35th President of the United States, serving from 1961 until his assassination in 1963.