(၁) ပြဿနာတွေကို မေ့လိုက်ပါ။
အတတ်နိုင်ဆုံးသင့်ရဲ့ ပြဿနာတွေကို မေ့ထားနိုင်လေ သင့်ရဲ့ စိတ်တွေဟာ တည်ငြိမ်ပြီး သင့်ရဲ့ ခန္ဓာကိုယ်ဟာ အဲဒီပြဿနာတွေကို ရင်ဆိုင်မလား၊ ပြေးမလားဆိုတဲ့ ကို ပြင်ဆင်ဖို့ အချိန်ပိုရလာပါလိမ့်မယ်။ သို့မှသာ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်စိတ်တွေ လျော့ကျသွားစေမှာဖြစ်ပါတယ်။
(၂)ပျော်ပျော်နေပါ။
ပျော်ပျော်နေ သေခဲဆိုသလိုပဲ စိတ်ကိုပေါ့ပါးသွက်လက် ပျော်အောင်နေပါ။
(၃)ကာယလှုပ်ရှားမှုတွေ ပြုလုပ်ပါ။
ကာယလေ့ကျင့်ခန်းမှန်သမျှဟာ စိတ်ဖိစီးမှုဒဏ်ကို တိုက်ဖျက်နိုင်ပြီး လေ့ကျင့်ခန်းများပြုလုပ်ပြီးပါက စိတ်လက်ပေါ့ပါးသွားတာတွေ့ရပါလိမ့်မယ်။
(၄)တစ်စုံတစ်ဦးထံမှ အကြံဥာဏ်ထင်မြင်ယူဆချက်ရယူပါ။
စိတ်ဖိစီးမှုပြဿနာ တော်တော်များများဟာ လူအတော်များများမှာ တစ်ဦးနဲ့တစ်ဦး သိပ်ကွာခြားလေ့မရှိပါ။ ဒါကြောင့် မိမိလိုပဲ ပြဿနာရင်ဆိုင်ခဲ့ဖူးသူတို့ထံမှ အကြံဥာဏ်ရယူခြင်းဟာ အလွန်တန်ဖိုးရှိလှပါတယ်။
(၅)မိမိရဲ့အချိန်တွေကို အကောင်းဆုံးအသုံးချနိုင်ဖို့ နည်းလမ်းရှာပါ။
စိတ်ဖိစီးမှုဒဏ်တွေဟာ တစ်ခါတစ်ရံမှာ မိမိရဲ့အချိန်တွေကို ကောင်းစွာအသုံးမချနိုင်ခြင်းက ဖြစ်လာရတာဖြစ်ပါတယ်။ အချိန်လွဲမှားစွာ အသုံးချမိတာကြောင့် အလုပ်တွေမပြီးစီးတာမျိုးတွေ ဖြစ်လာရတာဖြစ်ပါတယ်။ ဒါကြောင့် မိမိလုပ်ရမယ့် အလုပ်တွေထဲမှ အရေးကြီးဆုံးကို အရင်လုပ်ပါ။ ရက်သတ္တပတ် အတွင်း မိမိလုပ်ရမယ့်အလုပ်တွေကို စာရွက်ပေါ်ချရေးပါ။ အစီအစဉ်ကျနစွာလုပ်ပါ။ သတ်မှတ်ချိန်အတွင်း ပြီးမပြီးကို ဝေဖန်ဆန်းစစ်ပါ။ သတ်မှတ်ချိန်ကို လွဲမှားစွာ ဖြုန်းတီးပစ်နေခဲ့လဲဆိုတာ အဖြေရှာပါ။
(၆)ဖြစ်ချင်တာတွေ၊ ဆန္ဒတွေကို တရားလွန်မဖြစ်ပါစေနှင့်။
မိမိလုပ်နိုင်တဲ့စွမ်းရည်၊ မိမိမှာရှိနေတဲ့ အရည်အချင်းကို မိမိဘာသာသိနားလည်ထားဖို့လိုပါတယ်။ မိမိလုပ်နိုင်တဲ့စွမ်းရည်ထက် ကျော်လွန်ပြီး ဖြစ်ချင်တာတွေကို ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ သို့မဟုတ်ပါက မိမိလဲ မစွမ်းဆောင်နိုင်၊ လိုချင်စိတ်ဆန္ဒကလဲ လွန်ကဲ သဟဇာတမဖြစ်တော့ဘဲ စိတ်ဖိစီးမှုတွေဖြစ်လာမှာ ဖြစ်ပါတယ်။
(၇)စိတ်ဖိစီးမှုဖြစ်စေတဲ့ ပတ်ဝန်းကျင်ကနေ စွန့်ခွာပါ။
စိတ်ဖိစီးမှုကို တိုက်ဖျက်ရင်ဆိုင်ဖို့ နောက်ထပ်အကောင်းဆုံးအစားထိုးနည်းလမ်းတစ်ခုကတော့ စိတ်ဖိစီးမှုဖြစ်စေတဲ့ ပတ်ဝန်းကျင်ကနေ စွန့်ခွာခြင်းပဲဖြစ်ပါတယ်။
No comments:
Post a Comment